ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော် – စက်တင်ဘာ ၂၀

ယနေ့ ၂၀-၉-၂၀၁၈ ရက်နေ့ နံနက်(၁၀း၁၅)နာရီမှ နေ့လည် (၁၂း၂၅) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား သွားပါသည်။

ဆက်လက်ပြီး ပြည်နယ်ပါတီ နာယက ဦးတောရယ်၊ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူနှင့် ပြည်နယ်ကော်မတီဝင်များ အသီးသီးက ရှေ့ဆက်ကောင် အထည်ဖော်ရမည့် ပါတီကိစ္စရပ်များ၊ မြို့နယ်အလိုက် ပါတီလုပ်ငန်းကိစ္စရပ် များအား အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ ယင်းနောက် ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ၊ ပြည်နယ်ပါတီနာယက ဦးတောရယ် ပြည်နယ်ကော်မတီ ၀င်များဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ