မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်ရန် အမေရိကန် တောင်းဆို

ဝါရှင်တန် စက်တင်ဘာ ၁၉

ကိုရီးယားနှစ်နိုင်ငံဆွေးနွေးပွဲသည် မြောက်ကိုရီးယားတွင် နျူကလီးယား လက်နက်ကင်းစင်ရေးအတွက် ဦးတည်ဆွေးနွေးနေသည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်ဘက်မှ ပြောသည်။ သို့သော် ကုလသမဂ္ဂက ပြုလုပ်ထားသော ပြုံယမ်းအပေါ် ပိတ်ဆို့မှုများကိုမူ နိုင်ငံများက အပြည့်အဝလိုက်နာကြရန် တောင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနော့ကဝါရှင်တန်အနေဖြင့် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ အဓိပ္ပာယ်ရှိပြီး နျူကလီးယား လက်နက် ကင်းစင်ရေးအတွက် အရေးပါသည့်အဆင့်များ ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်္ဂါနေ့က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအတွက် သမိုင်းဝင်အခွင့်အရေး တစ်ခု ဖြစ်ကြောင်း၊ ဇွန်လအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်က ကတိပြုထား သည်များကို အကောင်အထည်ဖော်ရန် အခွင့်အရေးပင်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ထို့ပြင် စက်တင်ဘာ၂၇ ရက်တွင် မြောက်ကိုရီးယားနှင့် ပတ်သက် ၍ ဝန်ကြီးအဆင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုလည်း တက်ရောက် မည်ဟု အတည်ပြု ပြောကြားခဲ့သည်။

-Ref; NHK