မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီး နှောဖလှယ်ပွဲကျင်းပ

မြစ်သား၊ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားကိုအစီအစဉ်သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထိုနောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ကျောက်ဆည်ခရိုင်တာဝန်ခံ ဒေါ်သိင်္ဂီ အောင်က အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်က ဗဟိုအမျိုးသမီးညီလာခံအကြို မြစ်သားမြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ်ပထမပိုင်းပြီး ဆုံး၍ သဘာပတိအဖွဲ့ပြန်လည်ထွက်ခွာခဲ့သည်။ အစီအစဉ်အရ ရပ်/ကွက်ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့ များဖွဲ့စည်း၍ အစုအဖွဲ့များအနေဖြ င့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေးစောင်ကို တင်သွင်းနိုင်ရန်အတွက် မှတ်တမ်းတင်ခြင်းကို ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ အစီအစဉ်တတိယပိုင်းကို ကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက်မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့်မြန်မာနိုင်ငံရေးအခန်းကဏ္ဍမြင့်တင်ရေးစာတမ်းကို မြစ်သားမြို့နယ် ချင်းရွာကျေးရွာအုပ်စု ဒေါ်သီတာဦးက လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝ လုံခြုံမှုငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို မြစ်သားမြို့နယ်ဇိမ်ကြီးကျေးရွာ ဒေါ်အေးမြစန္ဒာဦးက လည်းကောင်း၊ အမျိုးသမီးထုအတွင်းအမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရေး အမျိုးသမီးများ၏အခွင့်အရေးများကိုရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရေးစာတမ်းကို မြစ်သားမြို့နယ် အိုးကြီးကွေ့ကျေးရွာ ဒေါ်မြသီတာက လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို မြစ်သားမြို့နယ် အင်းရင်းကျေးရွာ ဒေါ်သန်းသန်းလွင်က လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။ ထိုနောက် မြစ်သားမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏တွေ့ ရှိချက် ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သောစာတမ်းများကို မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မြို့နယ်ပါတီဥက္ကဌ ဦးအောင်ကြည်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းထွန်း၊ တိုင်းကော်မတီဝင် ကျောက်ဆည်ခရိုင်တာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ကော်မတီဝင်ဒေါ်ခင်နွယ်မြင့်နှင့် ခရိုင်ကော်မတီများ၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်ကြည်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌနှင့်အဖွဲ့ ဝင်များ၊ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား (၄၂၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဥာဏ်ဆောင်