မောတောင်မြို့ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ဂုဏ်ပြုသောအားဖြင့် ဆရာဆရာမလက်စွဲစာအုပ်များ ပေးအပ်လှူဒါန်း

တနင်္သာရီ၊ စက်တင်ဘာ ၁၈

တနင်္သာရီမြို့နယ် မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြုသော အားဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမလက်စွဲစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက မောတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းစာအုပ်များ ပေးလှူဒါန်းခြင်းကို ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်ဆန်းလွင်၏ ဦးဆောင်မှုဖြင့် မောတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ အဋ္ဌမတန်းကျောင်းသားကျောင်းသူ ၁၃၆ ဦးနှင့် ဆရာဆရာမခြောက်ဦး၊ ဒသမတန်းကျောင်းသားကျောင်းသူ ၈၂ ဦးနှင့် ဆရာဆရာမခြောက်ဦး စုစုပေါင်းကျောင်းသားကျောင်းသူ ၂၁၈ ဦး တို့အတွက် ကျောင်းသားကျောင်းသူ ကိုင် အထူးထုတ်စာအုပ် ၂၁၈ အုပ်နှင့် ဆရာဆရာမလက်စွဲ ၁၂ ဦး အတွက် ဆရာလက်စွဲစာအုပ် ၁၂ အုပ် စုစုပေါင်းစာအုပ် ၂၃ဝ တို့ ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ဖြူမျိုး