မန်ယူ၏ ခံစစ်ဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုမရနိုင်ကြောင်း ဖာဒီနန် သုံးသပ်

မန်ယူအသင်း၏ နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန် သည် လက်ရှိ မန်ယူအသင်း၏ ခံစစ်အနေအထားဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှု မရနိုင်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

မန်ယူအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယန်းဘွိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း မန်ယူသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ (၁၆) သင်းအဆင့်တွင် ဆီဗီလာကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသည်။ မန်ယူသည် ပရီးမီးယားလိဂ်(၅) ပွဲ ကစားပြီးချိန်တွင် (၃) ပွဲသာ အနိုင်ရထားပြီး ဂိုးမပေးရသည့်ပွဲ တစ်ပွဲသာရှိသည့်အတွက်ကြောင့် ဖာဒီနန်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသွားခြင်း ဖြစ်သည်။

ဖာဒီနန် က “ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် မဖြစ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အသင်းရဲ့ နောက်တန်းကို တိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်မယ့် ကစား သမားမျိုးကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့်ပါ။ သူတို့အသင်းမှာ စူပါမန်းလိုမျိုး ဂိုးသမား ရှိနေတာတောင်မှ ဂိုးတွေ ပေးနေရပါတယ်၊ အကယ်၍ လွန်ခဲ့တဲ့ (၄) နှစ်အတွင်းမှာ ဒီဂီယာသာမရှိဘူးဆိုရင် အသင်းက ဘယ်လိုမျိုးဖြစ်နေမလဲ ဆိုတာကိုတောင် မသိလောက်အောင်ပါပဲ။ ဒီဂီယာရဲ့အရှေ့မှာ ကစားနေတဲ့ ခံစစ်ကစားသမားတွေက တည်ငြိမ်မှု မရှိကြပါဘူး။ လင်ဒီလော့ဖ်က အသင်းမှာ အလုပ်ဖြစ်လာ နိုး၊ ဘိုင်လီကရော အလုပ်ဖြစ်လာ နိုး၊ စမောလင်းနဲ့ ဖီးဂျုံးတို့ကလည်း အကောင်းဆုံးခြေစွမ်းရအောင် မကစားနိုင်သေးပါဘူး” ဟု ပြောဆိုသွားခဲ့ကြောင်း သိရသည်။

-Ref; Sky sports