မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဓမ္မစကူးလ်ကျောင်းသား/ သူများအား အာဟာရဒါနကျွေးမွေး

မြိတ်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒသကြီး မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် မြို့နယ်ပါတီကော်မ တီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံအဖွဲ့ခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် ရပ်/ကျေးပါတီအမျိုးသမီး ရေးရာအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြိတ်မြို့ ကျွဲကူးကျောင်းကြီးတိုက်သို့ ရောက်ရှိကြပြီး ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကျောင်းတိုက်တော်၌ ယဉ်ကျေးလိမ္မာစာပေများ သင်ယူနေကြသည့် မင်္ဂလာ မောင်မယ် ကျောင်းသားကျောင်းသူ ၁၂ဝ ခန့်တို့ကို မုန့်ဟင်းခါးတို့ဖြင့် နေ့လယ်စာ အာဟာရဒါန ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကျော်လင်း (မြိတ်)