အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အုတ်တွင်း၊ စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမဆောင်တွင် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စက်တင်ဘာ (၁၇) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးရဲမြင့်ထွန်းနှင့် ပါတီတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်နှင့် ခရိုင်မြို့နယ်ပါတီမှ တာဝန်ရှိသူများ၊ သီဟသွေးလူငယ်များရေးရာကော်မ တီဝင်များ တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပါတီ၏စည်းရုံးနေမှုအခြေအနေ မြေပြင်အနေအထားများအား ပြောကြားခဲ့ပြီးနောက် ပါတီတာဝန် ရှိသူများက ပါတီအောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား ချပြဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများက ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပါတီအောင်နိုင်ရေးကိစ္စရပ်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး တာဝန်ရှိသူ များက တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)