ကျောက်ဆည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် (၉း၀၀ )နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်းဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲသို့ မန္တလေးတိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းထွန်းနှင့် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အမျိုးသမီးညီလာခံကိုယ်စားလှယ်များ အင်အား (၂၂၀) ကျော် တက်ရောက်ကြသည်။

အခမ်းအနားတွင် အစီအစဉ်သုံးပိုင်ခွဲကျင်းပရာ ပထမပိုင်း သဘာပတိနှင့်အဖွဲ့ဝင်များမှနေရာယူပြီး နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ကာ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်က ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပရခြင်းအစီအစဉ်များ ရှင်းလင်းတင်ပြကာ ပထမပိုင်း အစီအစဉ်များပြီးဆုံး၍ သဘာပတိအဖွဲ့ဝင်များထွက်ခွာသည်။

ဆက်လက်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အစုအဖွဲ့ (၄) ခုဖွဲ့စည်း၍ အစုအဖွဲ့အလိုက် နှီးနှောဖလှယ်ပွဲတွင်တင်သွင်းမည့်စာတမ်း များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်း(၄)စောင်အား မှတ်တမ်း တင်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်ပြီးဆုံး၍ တတိယပိုင်းအစီအစဉ်အား ဆက်လက်ကျင်းပရာ သဘာပတိနှင့်အဖွဲ့ ဝင်များမှပြန်လည်နေရာယူပြီး မြန်မာအမျိုးသမီးများနှင့်မြန်မာ့နိုင်ငံရေး မြှင့်တင်ခြင်းစာတမ်းကို ပေါက်ပင်ကွေ့ကျေးရွာမှ ပါတီဝင် မစုမွန်ကျော် မှလည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားတိုးတက်ရေး စာတမ်းကို ကုန်းသာကျေးရွာမှ ပါတီဝင် မခိုင်သင်းဆွေက လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်းရေး ရိုးရာယဉ်ကျေးမှုထုံးစံနှင့်အညီ ဖော်ဆောင်ရေးစာတမ်းကို ရှမ်းတောင်ဦးကျေးရွာမှ ပါတီဝင် မခင်သက်မွန်က လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ဖော်ဆောင်ရေးစာတမ်းကို ကတဲကျေး ရွာမှ ပါတီဝင် မထက်ထက်မော်မှ လည်းကောင်း ဖတ်ကြားတင်သွင်း ကြသည်။

ထို့နောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ အမျိုးသမီးခေါင်း ဆောင်ကိုယ်စားလှယ်များအနေဖြင့် ပါတီနဲ့ရေရှည်လက်တွဲပြီး ပြည်သူအကျိုးပြုလုပ်ငန်းစဉ်များဆောင်ရွက်ကြရန်နှင့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲက မှတ်တမ်းတင်ခြင်း (၄) ရပ်နှင့်ရှေ့လုပ်ငန်းစဉ် (၇) ရပ်ကို အတည်ပြုခြင်းနှင့် ဆုံးဖြတ်ပြီး အောင်မြင်စွာကျင်းပနိုင်ခြင်း၊ကိုယ်စားလှယ်များ ညီညွတ်စွာဆာင်ရွက်နိုင်ခြင်းတို့ကို ကျေးဇူးတင်စကားပြောကြားကာ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအား နေ့လည် (၁း၀၀ ) နာရီးအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။