ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ ကျင်းပ​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်​၍ ဂန့်​​ဂေါမြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံနှင့်အဖွဲ့မှ သက်​ကြီးရွယ်​အို ၂ ဦး အား ဂါရဝပြု​ထောက်​ပံ့

 

ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို စက်တင်ဘာ (၁၅) ရက်နေ့ နံနက်​ ၈ နာရီခွဲအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီး ဂန့်​​ဂေါမြို့နယ်​ပါတီအစည်းအ​ဝေး ခန်းမ၌ ပြုလုပ်​ခဲ့ရာ မြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​စွာမင်း၊ အတွင်း​ရေးမှူး ဦးထွန်းထွန်းဦး၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်အိဖြူလွင်​၊ မြို့နယ်​ပါတီနာယက ဦး​ကျော်​ပိုင်​၊ ဦးမြင့်​ကြိုင်​၊ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်သက်​မာ​ထွေးနှင့်​ နယ်​​မြေတာဝန်​ခံများ၊ ​ကော်​မတီဝင်​များ စုစု​ပေါင်း (၃၀) ဦး တက်​​ရောက်​ကြပါသည်​။
အစည်းအ​ဝေးတွင်​ အခမ်းအနားပြုလုပ်​မည့်ရက်​အား သတ်​မှတ်​ခြင်း၊ လုပ်​ငန်းတာဝန်​ခွဲ​ဝေခြင်းများ ​ဆောင်​ရွက်​ကြပြီး အမျိုးသမီး​ရေးရာလှုပ်​ရှား​ဆောင်​ရွက်​မှုအဖြစ်​ သက်​ကြီးရွယ်​အိုများထံ သွား​ရောက်​ဂါရဝပြုရန်​ သ​ဘောတူဆုံးဖြတ်​ချက်​အတိုင်း ဂန့်​​ဂေါမြို့အမှတ် ​(၄) ​ကျောင်းတိုက်​ရပ်​ကွက်​​နေ အသက်​ ၈၆ နှစ်​အရွယ်​ အဖွား ​ဒေါ်မြထွန်းနှင့်​ အမှတ် ​(၃) မြို့မရပ်​ကွက်
နေ အသက်​ ၇၈ နှစ်​ရှိ အဖွား ​ဒေါ်​အေး​မေတို့ထံ သွား​ရောက်​၍ တစ်​ဦးလျှင်​ ​ငွေကျပ်​တန်​ဘိုး ၅ ​သောင်းရှိ ပစ္စည်းနှင့်​ ​ငွေသားများ ဂါရဝပြု​ပေးအပ်​ခဲ့​ကြောင်းနှင့် အဖွား ​ဒေါ်​အေး​မေသည်​ မျက်​စိမ​ကောင်းသည့်အပြင်​ ​ဆွေမျိုးမရှိ၊ အနီးဝန်းကျင်​နှင့်ရပ်​ကွက်​မှ ​စောင့်​ရှောက်​​ပေးရသူဖြစ်​ပြီး အမိုးအကာမလုံခြုံသည့်​နေအိမ်​တွင်​ တစ်​ဦးတည်း​နေထိုင်​သူဖြစ်​၍ မြို့နယ်​အမျိုးသမီး​ရေးရာအဖွဲ့မှ တတ်​စွမ်းသ​ရွေ့ ​နေအိမ်​အတွင်း သန့်​ရှင်း​ရေးလုပ်​အားဒါနများလည်း ​ဆောင်ရွက်​ခဲ့​ကြောင်း သိရသည်​။

မင်း​ဇော်