ကောလင်းပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေးဆင့်ပွားသင်တန်းဖွင့်လှစ်

 

ဝန်းသို စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်ဝန်းသိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့်ပြည် သူ့ဆက်ဆံရေးဆင့်ပွားသင်တန်းအမှတ်စဉ်(၈/၂ဝ၁၈)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ရပ်ကွက်၊ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက် ကြသည်။

သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့်နိုင်ငံတော် သီချင်းကိုသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီးခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းအောင်ဝင်း က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌဦးအောင်သန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင် များနှင့် ပါတီဝင်များစုစုပေါင်း ၇ဝ တက်ရောက်ကြပြီး သင်တန်း ကာလမှာ ယနေ့မှ ယခုလ ၁၆ ရက်အထိဖြစ်ကြောင်း သိရသည်။

စိုင်းလူမင်း