တာချီလိတ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး​ရေးရာညီလာခံ (၂၀၁၈) အား ကြိုဆိုဂုဏ်​ပြုသောအားဖြင့် လုပ်​အား​ပေး​ဆောင်​ရွက်

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​မြို့၊ ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​ ​ဒေါ်တင်​​မေထွန်း ဦး​ဆောင်​သည့်​ ခရိုင်​/မြို့နယ်​အမျိုးသမီးအဖွဲ့ဝင်​များ၊ ရပ်​ကွက်​/​ကျေးရွာအုပ်​စု အမျိုးသမီးအဖွဲ့ဝင်​ အင်​အား (၆၀) ဦး၊ တာချီလိတ်​ခရိုင်​ပါတီဥက္ကဌ ဦးဘိုစံနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးစိုင်း​ရွှေထွန်းနှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ကွက်​၊ အုပ်​စုပါတီဥက္ကဋ္ဌ စုစု​ပေါင်းအင်​အား (၈၀) ဦးတို့သည်​ (၁၂.၉.၂၀၁၈) ရက်​​နေ့၊ နံနက်​(၉း၃၀) အချိန်​တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာညီလာခံအား ကြိုဆိုဂုဏ်​ပြု​သောအားဖြင့် မိုင်းဖုန်း(ခ)အုပ်​စု၊ ပိန်း​ညောင်​​ကျေးရွာအနီးတွင်​ ဘုရားငါးဆူ​ကျောင်းတိုက်ဆရာ​တော်​ ​ကျောက်​ဝန်းတန်းမှဦး​ဆောင်​၍ အမြင့် (၃၅) ​ပေ၊ အကျယ် ​(၁၂) ​ပေရှိ မိုက်​ကိုက္ကိုလ်​ ပိန်း​ညောင်​​စေတီ (၂) ဆူ တည်​ရာသို့သွား​ရောက်​၍ ဘုရားတည်​​နေရာမှ (၃) မိုင်​ကွာ​ဝေး​သော ​ရေး​ချောင်းမှ ​ကျောက်​များအား ပါတီကား (၄) စီးဖြင့် စု​ပေါင်း​ကျောက်​​ကောက်​ခြင်း၊ ​ကျောက်​များအား ​စေတီသို့သယ်​​ဆောင်​ခြင်း၊ ​ကျောက်​များချ​ပေးခြင်း၊ သဲများသယ်​ခြင်းတို့ကို နမ့်လွှဲ (ရွာ​ဟောင်း၊ရွာသစ်​)၊ ဘုရားငါးဆူ၊ ကျိုင်းတုံမြို့ လွှိုင်​ယင်းရွာ၊ ပ​လောင်းတိုင်​ရင်းသားများဖြင့် စု​ပေါင်းလုပ်​အားဒါနကို ​နေ့လည် ​(၁၃း၃၀) အထိ လုပ်​​ဆောင်​ခဲ့​ကြောင်းသိရှိရပါသည်​။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ