ခရိုင်ပါတီကော်မတီဝင်နှင့်အဖွဲ့ ဆိပ်မူကျေးရွာအုပ်စုတွင် နိုင်ငံရေးအခြေအနေများဆွေးနွေး

 

မိုးညှင်း စက်တင်ဘာ ၁၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီကော်မတီဝင် ဦးစိုင်းသိန်း ထွန်းနှင့် ဖားကန့်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်တို့သည် ယမန်နေ့နံနက်ပိုင်းက ဆိပ်မူ ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာနေ ဦးရေခဲနေအိမ်၌ ပါတီဝင်ဟောင်း ၆၃ ဦးတို့အား လက်ရှိနိုင်ငံရေး အခြေအနေများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးလှုပ်ရှားဆောင်ရွက်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာ သာစုံဂုဏ်ထူးရှင်မရတီကိုယ်စား ဖခင်ဖြစ်သူ ဦးရေခဲထံ ဂုဏ်ပြုဆု တံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ် တစ်သိန်းပေးအပ်ခဲ့ကြောင်း သိရ သည်။

ဝင်းအောင်(မိုးကောင်း)