ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

ဝန်းသို၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၇ /၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ရပ် ကွက်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြသည်။ သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီးကော်မတီဝင် ခရိုင်ပါတီတာဝန်ခံ ဦးအောင်ကျော်ဇံက အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထိန်မင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ရပ်ကွက်ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း ၁ဝ၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ယခုလ ၁၄ ရက်အထိဖြစ်ကြောင်း သိရသည်။

စိုင်းလူမင်း