ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကျေးလူငယ်ရေးရာကော်မတီဝင်များ ပုံမှန်တွေ့ဆုံ

 

လေးမျက်နှာ စက်တင်ဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမတွင် မြို့နယ် လူငယ် ရေးရာကော်မတီနှင့် ရပ်ကွက်/ ကျေးရွာလူငယ်ရေးရာ ကော်မတီ ဝင်များပုံမှန်တွေ့ဆုံပွဲ အခမ်းအနား ကို ယမန်နေ့မွန်းတည့် ၁၂နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ် ပါတီအတွင်းရေးမှူးနှင့် လူငယ် ရေးရာတာဝန်ခံတို့က လူငယ် ရေးရာမှုဝါဒဖွဲ့စည်းမှုနှင့် ပါတီ အောင်နိုင်ရေးအတွက် လူငယ်ထု အားဖြင့်ဆောင်ရွက်မည့်အစီအစဉ် များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏အကြံပြု ဆွေးနွေးချက်များအား မြို့နယ် ကော်မတီက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့ နယ်ပါတီအတွင်းရေးမှူး ဦးဇော် ဝင်းအောင်၊ လူငယ်ရေးရာတာဝန်ခံ ဒေါ်စန်းစန်းချိုနှင့် ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီ ဥက္ကဋ္ဌနှင့်လူငယ်ရေးရာကော်မတီ ဝင်များစုစုပေါင်းအင်အား ၉၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)