၇၉ နှစ်မြောက် ဆရာတော်အသျှင်ဦးဥတ္တမနေ့အား မင်းပြားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

 

ယနေ့န့နံက် ၉ နာရီအချိန်က ရခိုင်ပြည်နယ်၊ မင်းပြာမြို့ ဦးဥတ္တမပန်းခြံတွင် ပြုလုပ်ကျင်းပခဲ့သည်၊၊

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ လူငယ်ရေးရာအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်၊၊

၎င်းအခမ်းအနားသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်ကျေးရွာများ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ချင်းတိုင်းရင်းသားမျိုးနွယ်စုများ၊ မရမာကြီး၊ ဟိန္ဒူ ဘာသာဝင်များနှင့် လူငယ်များစုစုပေါင်း (၁၅၀၀) နီးပါးခန့်တက်ရောက်ခဲ့ကြပြီး လွမ်းသူ့ပန်းခွေ (၅၀)ကျော်ခန့်ဖြင့် ဂရဝပြု ကန်တော့ခဲ့ကြသည်၊၊

ထွန်းကိုနိုင် (မင်းပြား)