ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွ့ ဆုံပွဲအခမ်းအနားကျင်းပ

 

ပျဉ်းမနား၊ စက်တင်ဘာ ၉

ပျဉ်းမနားမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်/ကျေးပုံမှန်လပတ်တွေ့ဆုံပွဲ (၉/၂ဝ၁၈) အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး (၃၆) အုပ်စုမှ ရပ်/ကျေးပါတီဥက္ကဋ္ဌများ နှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ပထမဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ က ပါတီစည်းရုံးရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့်ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်တူးအောင်က စည်းရုံးရေးနှင့်ပတ်သက်သည်များကို လည်းကောင်း၊ မြို့နယ်ကော်မတီဝင် ဦးထက်မင်းအောင်က မိမိတို့ အုပ်စုအတွင်း နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုသတင်း၊ ထူးခြားသတင်း၊ သဘာဝဘေးအန္တရာယ်သတင်းများကိုအချိန်နှင့်တစ်ပြေးညီ ပြန်လည် တင်ပြပေးရန်ကို လည်းကောင်း လမ်းညွှန်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး ရပ်ကွက် / အုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ရပ်/ကျေးဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ရပ်/ကျေးဥက္ကဋ္ဌများ၊ ကော်မတီဝင်များအား ပါတီဝတ်စုံပုဆိုးများကို ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဦး(ပျဉ်းမနား)