ဗဟိုအမျိုးသမီးညီလာခံကို ထောက်ခံကြိုဆိုသန့်ရှင်းရေးလုပ်အားပေး

 

မအူပင် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီမှ ကြီးမှူးကျင်းပသော ဗဟို အမျိုးသမီးညီလာခံအား ထောက်ခံ ကြိုဆိုသောအားဖြင့် သန့်ရှင်းရေး လုပ်အားပေးပွဲကို ယမန်နေ့ နံနက် ၈နာရီမှစတင်၍ မအူပင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်ရှိ မြို့ဦးပေါ် တော်မူစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသန့်ရှင်းရေးလုပ်အား ပေးပွဲသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဘဏ္ဍာရေးမှူး၊ ခရိုင်အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စမ်းစမ်း ဝင်း၊ မအူပင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့ နယ်နှင့်ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့နှင့်လူငယ်ရေး ရာအဖွဲ့ဝင်များက မြို့ဦးပေါ်တော်မူ စေတီတော်ရင်ပြင်ပေါ်၌ သန့်ရှင်း ရေးပြုလုပ်ခြင်း၊ ဘုရားပန်းလဲ လှယ်ကပ်လှူခြင်း၊ ရေချမ်းကပ် လှူခြင်း၊ ပေါ်တော်မူဘုန်းတော် ကြီးကျောင်းဆရာတော်အားအလှူ ငွေပေးအပ်လှူဒါန်းခြင်းများဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)