ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝေလွင် လူငယ်ပါတီဝင်စွမ်းအင်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပို့ ချပွဲအခမ်းအနား တက်ရောက်အားပေး

 

ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ပါတီဝင်စွမ်းအင်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပို့ ချပွဲအခမ်းအနားအားယနေ့  (၈.၉.၂၀၁၈)ရက်နေ့  နံနက်၉နာရီအချိန် မြို့ နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ ပြီး လူငယ်များနှင့်သက်ဆိုင်သော ဗဟုသုတများ လူငယ်များသိသင့်သိထိုက်သောဘာသာချက်များအား ဆွေးနွေးပို့ ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့  ပါတီဥက္ကဌဦးဝေလွင်အတွင်းရေးမှုးဦးဌေးဝင်းနှင့်ကော်မတီဝင်များ ခရိုင်ကော်မတီဝင်များ မြို့ နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ ဖိတ်ကြားထားသော ရပ်ကွက်ကျေးရွာအသီးသီးမှပါတီဝင်လူငယ်များ စုစုပေါင်းအင်အား(၂၅၀)ကျော်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။