ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

နေပြည်တော်၊ စက်တင်ဘာ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု ခေတ်အေးကျေးရွာ ဦးဝင်းညွန့်(ပါတီဝင်) နေအိမ်၌ စက်တင်ဘာ ၆ ရက်နေ့နံနက် ၉ နာရီခွဲက ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့်ပါတီဝင်ပြည်သူများ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။တွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးဝေလွင်က ယနေ့ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေ၊စီးပွားရေး၊ ဘာသာရေးအခြေအနေ များရှင်းလင်းခဲ့ပြီးနောက် မိမိတို့ ပါတီ၏ရပ်တည်ချက်များ ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပြီး မိမိတို့ပါတီ၏ ရပ် တည်ချက်များ၊ ရှေ့ဆက်ဆောင် ရွက်သွားမည့်လုပ်ငန်းစဉ်များ ရှင်း လင်းခဲ့သည်။ ယင်းနောက် တက် ရောက်လာသောပါတီဝင်ပြည်သူ များက ခေတ်အေးအုပ်စု၊ ကျောက်ဖျာအုပ်စု၊ ဝဲကြီးအုပ်စုများမှ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှု အား တင်ပြဆွေးနွေးခဲ့ကြရာ ပြည် ထောင်စုနယ်မြေဥက္ကဋ္ဌက ကျေးရွာ များသို့ကွင်းဆင်းကြည့်ရှု၍ ပေါင်း စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု နယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဇေယျာသီရိမြို့နယ်တာဝန်ခံ ဦးဖေ သန်းဦး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင်ပါတီအတွင်းရေး မှူး ဦးနွေနှင်းမောင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လူငယ်ပါတီဝင် များနှင့်အင်အား ၁၂ဝ တက်ရောက် ခဲ့ကြောင်း သိရသည်။

အောင်အောင်