ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ အလည်ချောင်ကျေးရွာအုပ်စုရှိ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရပ်စောက် စက်တင်ဘာ ၅

ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ မြို့နယ်ကော်မတီဝင် ဦးဝင်းအောင်၊ ဦးအုန်းဖေ၊ ဦးလင်းထင်အောင်၊ ဦးနေမျိုးအောင်တို့သည် အလည်ချောင်ကျေးရွာအုပ်စု ဇီးဖြူတောင် ကျေးရွာရှိ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ယနေ့နံနက် ၁ဝ နာရီတွင်တွေ့ဆုံ၍ ပါတီဝင်များ၏ လူမှုရေးအခြေအနေများကို ရင်းရင်း နှီးနှီးတွေ့ဆုံဆွေးနွေးပြီး လက်ရှိနိုင်ငံရေး အခြေအနေများ၊ ရှေ့လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။