ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး Dr. Richard A. Nuccio, Ph.D. မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် (NatIonal Democratic Institute) နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်တော့ မည့် Dr. Richard A. Nuccio, Ph.D. မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (NatIonal Democratic Institute)နှင့်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ ဇွန်လ (၁ဝ) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူ အကျိုးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိလွှတ်တော် သက်တမ်း ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ ဆွေးနွေး ခဲ့ကြပြီး အမှတ်တရ လက်ဆောင် များပေးအပ်ကာ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြကြောင်း သတင်းရရှိပါသည်။

အေးကိုကို(သတင်း/မှတ်တမ်းတာဝန်ခံ)


Leave a Reply