ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ပြုလုပ်

 

ကျိုက်ထို ၊ စက်တင်ဘာ ၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ စက်တင်ဘာ (၂) ရက်နေ့ နံနက် (၉) နာရီချိန်တွင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ပြုလုပ်ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ယခုအခမ်းအနားနှင့်ပတ်သက်ပြီး မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ အဖွင်အမှာစကားပြောကြာပြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌမှ ယခု အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ၁၀:၃၀ နာရီချိန်တွင် ပြီးမြောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း၊ ဦးအေးလွင်၊ သထုံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစောဥာဏ်ဝင်း၊ ကျိုက်ထိုမြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ထူးချွန်ကျောင်းသားကျောင်သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။