အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား

 

၂၀၁၈ -ခုနှစ် ၊ သြဂုတ်လ(၃၁) ၊ မိုင်းပျဉ်း

မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ (၁၃.၈.၂၀၁၈) ရက်နေ့မှ ( ၃၁ . ၈.၂၀၁၈) ရက်နေ့အထိ သင်ကြားပို့ချခဲ့သော အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီကနေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဖြစ်သူ မြို့နယ်ပါတီကော်မတီဝင်/လူငယ်ရေးရာတာဝန်ခံ ဆရာမ ဒေါ်မေနှင်းသက်က သင်တန်းသူများအား မှာကြားစရာရှိသည်များကို မှာကြားပါသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း ၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း တို့ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကာ အခမ်းအနားအား နံနက် (၁၁း၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပါတီကော်မတီဝင်များ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ မြို့မိမြို့ဖများ ၊ သင်တန်းသူများ စုစုပေါင်း (၆၅) ဦး ခန့် တက်ရောက်ပါသည်။

မိုင်းပျဉ်း ပြည်ခိုင်ဖြိုး မီဒီယာ