ဆွာချောင်းတမံကျိုးမှုကြောင့် ရေလွှမ်းမိုးခံရသောကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီ သွားရောက်အကူအညီပေးလျက်ရှိ

 

တောင်ငူ သြဂုတ် ၂၉

ယနေ့နံနက်ပိုင်းက ဆွာချောင်း တမံ ကျိုးပေါက်မှုကြောင့် ရေလွှမ်း မိုးခံရသောကျေးရွာများသို့ ပြည် ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ပါတီဌာနချုပ်မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှု ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဘေးကယ်ဆယ်ရေးအတွက် တောင်ငူခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင် လျက် ပဲခူး၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ ရေတာရှည်၊ တောင်ငူ မြို့နယ်များမှ ပါတီဝင်များသည် ရေတာရှည်မြို့ ကားလမ်းပေါ်ရှိ ရေကျော်နေရာများတွင် ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်အားပေး ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ် သည်များကို ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။