ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့လှူဒါန်း

 

နေပြည်တော် သြဂုတ် ၂၉

တောင်ငူခရိုင် ဆွာမြို့နယ်ရှိ ဆွာရေ လှောင်တမံ၏ ဆည်ပေါင်သည် ယနေ့နံနက် အရုဏ်တက်ချိန်တွင် မိုးရေကြီးမှုကြောင့် ဆည်ပေါင်ကျိုးခဲ့သဖြင့် ကျေးရွာများရေကြီး ရေလျှံမှု ဖြစ်ခဲ့သည်။

ထို့ကြောင့် အကူအညီလိုအပ်လျက်ရှိ သည့် ပြည်သူများအား ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှအတွင်းရေးမှူး ဦးဌေးဝင်း ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီတွင် ရေတာရှည်မြို့နယ် ဆွာမြို့အနီးရှိ ရေဘေးသင့်ကျေးရွာများရှိ ပြည်သူများ အတွက် အစားအစာနှင့် ရေသန့်ဘူးများ ထောက်ပံ့လှူဒါန်းခြင်းကို ဆွာမြို့ စက်ရုံ ပရိယတ္တိစာသင်တိုက်၏တိုက်အုပ်ဆရာတော် အရှင်တေဇောဘာသထံ လှူဒါန်းခဲ့ကြ သည်။

အဆိုပါပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီမှ ဦးဌေးဝင်း ဦးဆောင်သောအဖွဲ့တွင် ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီကော် မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီ ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ စုစုပေါင်း အင်အား ၆ဝခန့်ပါဝင်၍ လုပ်အား ပေးကူညီထောက်ပံ့ပေးရန်အတွက်သွားရောက် ခဲ့သော်လည်းဆည်ရေမကျသေးသဖြင့် ကယ် ဆယ်ရေးစခန်းတွင်သာ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပေါ်ဦး