မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

 

မိုးနဲ သြဂုတ် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မိုးနဲမြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းအုန်းကျော်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီက မယ်ဇလီ မြိုင်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အဆို ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ကျေးရွာပါတီကော်မတီဝင်ဦးသိန်း ထွန်း နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လင်းခေးခရိုင် ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ စည်းရုံးရေး နယ်မြေတာဝန်ခံ ဦးသိန်းထွန်းနှင့် ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ကော်မတီဝင်များ၊ လူငယ်ပါတီဝင် အမျိုးသားအမျိုးသမီးများ၊ ရွာမိ/ ရွာဖများ ၅ဝ ခန့် တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ခရိုင်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ကို မင်္ဂလာအချိန်အခါ နံနက် ၉ နာရီ တွင် အမွှေးနံ့သာရည်များပက်ဖျန်း ၍ စိုက်ထူခဲ့ကြသည်။
ထို့နောက် ပါတီဝင်အဆိုပြုလွှာ ၁၇ စောင်ကို ဦးသိန်းထွန်းက ခရိုင် ဥက္ကဋ္ဌအား လည်းကောင်း၊ မြို့နယ် ဥက္ကဋ္ဌကကျေးရွာပါတီဥက္ကဋ္ဌတာဝန် ကို ဦးနေဝင်းအား လည်းကောင်း ပေးအပ်ခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌက တက်ရောက်လာကြသော ကျေးရွာ ပါတီဥက္ကဋ္ဌ၊ ဒေသခံ ရွာမိ/ရွာဖ များ၊ ပါတီဝင်လူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

ကြယ်​စင်​​ရွှေ