တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ ပါတီရေးရာစကားဝိုင်းနှင့် အမျိုးသမီးရေးရာ ညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပခြင်း(ဒုတိယပိုင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် (၂၇.၈.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်၌ တာချီလိတ် ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူးနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများ၊ တာချီလိတ် ခရိုင်/မြို့နယ်ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင် အင်အား (၆၀) ဦးတို့နှင့် တွေ့ဆုံပြီး ပါတီရေးရာစကားဝိုင်းဆွေးနွေးခြင်း၊ အမျိုးသမီးရေးရာညီလာခံအတွက် အကြိုနှီးနှောဖလှယ်ပွဲကို ခင်မင်ပွင့်လင်းစွာဖြင့် ဆွေးနွေးခြင်းများ
ဆောင်ရွက်ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်အရ စာတမ်းဖတ်ကြားရန် ရွေးချယ်ခံရသောအဖွဲ့ကိုယ်စားတစ်ဦးချင်းစီ လေ့ကျင့်ခြင်း၊ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရန် လေ့ကျင့်ပြင်ဆင်ခဲ့ကြပြီး တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ
ယနေ့ တက်ရောက်လာကြသော အဖွဲ့သားများအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည် ။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ