Vivo X23 တွင် စတုတ္ထမျိုးဆက် In-Display Fingerprint Sensor ပါဝင်မည်

Vivo ဟာ မျိုးဆက်သစ် X စီးရီး စမတ်ဖုန်းဖြစ်တဲ့ Vivo X23 ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီဖုန်းကို တရားဝင် မမိတ်ဆက်ခင်မှာ အဆိုပါ စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ feature တွေက ကုမ္ပဏီက ဝေမျှခဲ့တဲ့ တရားဝင် ဗီဒီယိုနဲ့ ကြော်ငြာတွေကနေ ထွက်ပေါ်လာပါတယ်။ တရုတ်အခြေစိုက် Vivo ဟာ ဟာ in-display fingerprint sensor ပါဝင်တဲ့ စမတ်ဖုန်းကို ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အသစ်ထွက်မယ့် Vivo X23 မှာလည်း display အောက်မှာ ထည့်သွင်းထားတဲ့ biometric sensor တစ်ခု ပါဝင်လာမယ်လို့ အတည်ပြုထား ပါတယ်။

ဒါ့အပြင် မကြာသေးခင်က ကုမ္ပဏီကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းအချက်အလက်တွေအရ Vivo X23 မှာ စတုတ္ထမျိုးဆက် under-display fingerprint sensor ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီ စတုတ္ထမျိုးဆက် fingerprint sensor ဟာ လက်ဗွေတွေကို ပိုမိုတိကျစွာ သိရှိနိုင်ပြီး ဖုန်းကိုလည်း ပိုမိုလျင်မြန်စွာ unlock လုပ်နိုင် စေမှာ ဖြစ်ပါတယ်။ Vivo X23 မှာ ၆.၄ လက်မ Full HD+ display (2340 x 1080 pixels screen resolution) နဲ့ 19.5:9 aspect ratio ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါဟာ waterdrop display ပါဝင်မယ့် Vivo ရဲ့ ပထမဆုံးဖုန်း ဖြစ်ပြီး screen-to-body ratio က ၉၁.၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဖုန်းရဲ့ RAM က 8GB ဖြစ်ပြီး internal storage က 128GB ဖြစ်တယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ ကုမ္ပဏီအနေနဲ့ 6GB RAM နဲ့ 128GB storage ဗားရှင်းကိုလည်း မိတ်ဆက်သွား မယ်လို့ မျှော်လင့်ရပါတယ်။ ပရိုဆက်ဆာက Qualcomm ရဲ့ Snapdragon 670 ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မရာအပိုင်းအနေနဲ့ ဖုန်းရဲ့ ကျောဘက်မှာ ကင်မရာနှစ်ခုနဲ့ LED flash တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာမှာ Face Unlock အထောက်အပံ့ပါဝင်သလို 3D facial scanning အတွက်လည်း TOF 3D depth ကင်မရာနည်းပညာ ပါဝင်လာပါတယ်။ ဘက်ထရီအတွက်လည်း USB-C ကနေတဆင့် 22.5W fast charging ကို ထောက်ပံ့ပေး ထားတယ်လို့ သိရပါတယ်။

အရောင်တွေအနေနဲ့ 3D Phantom Aurora လို့ အမည်ပေးထားတဲ့ Phantom Red, Magic Night Blue နဲ့ Phantom Violet ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို သြဂုတ် ၃၀ ရက်မှာ စတင် ရောင်းချမှာ ဖြစ်ပေမယ့် ဈေးနှုန်းကိုတော့ ကုမ္ပဏီက မကြေငြာသေးပါဘူး Ref: GizmoChina