ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေနာယကများ တပ်ကုန်းမြို့နယ် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

နေပြည်တော် သြဂုတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ တပ်ကုန်းမြို့နယ် ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝနာရီတွင် ကော်မတီဝင်များ ပုံ မှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေနာယကများ ဖြစ်သော ဦးခင်မောင်ဌေး၊ ဦးမှတ် ကြီး၊ ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူးဦးဌေးဝင်း၊ ပြည် ထောင်စုနယ်မြေကော်မတီဝင်နယ် မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေ ပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင် နိုင်ဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးဝင်း ဗိုလ်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည် ထောင်စုနယ်မြေကော်မတီဝင် နယ် မြေတာဝန်ခံ ဦးဖေအံ့မောင်က ပါ တီလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး၊ ပါတီဝင်အင်အား တိုးတက်ရေး ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုနယ်မြေ အတွင်းရေး မှူးဦးဌေးဝင်းက ပါတီတွင်းစည်း စည်းလုံးလုံးနေကြရန်၊ ပါတီလမ်း ညွှန်ချက်အတိုင်း လိုက်နာဆောင် ရွက်ကြရန် ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုနယ် မြေနာယက ဦးခင်မောင်ဌေးနှင့် ဦး မှတ်ကြီးတို့က မြို့နယ်ပါတီကော် မတီဝင်များအချင်းချင်း ပါတီလုပ် ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်၊ စာများများဖတ် ရန်၊ ပြည်သူလူထုနှင့်အမြဲမပြတ် ထိတွေ့ပြီး အခက်အခဲများကို ကူ ညီဆောင်ရွက်ကြရန် မှာကြားဆွေး နွေးခဲ့သည်။ ယင်းနောက် နေပြည် တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင် ဦးက ယနေ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးတို့အား ဆွေးနွေးခဲ့ပြီး ၂ဝ၂ဝပါတီအောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များက မြို့နယ်အ တွင်း ပါတီလှုပ်ရှားဆောင်ရွက်မှု များ၊ ပါတီဝင်အင်အား တိုးပွား ရေး ဆောင်ရွက်နေသည်များ၊ ပါ တီအောင်နိုင်ရေးအတွက် ရှေ့လုပ် ငန်းစဉ်များ ဆွေးနွေးတင်ပြခဲ့ကြ ရာ ပြည်ထောင်စုနယ်မြေနှင့်ခရိုင် တို့က ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ခဲ့ကြပြီး မွန်းလွဲ ၁နာရီတွင် တွေ့ဆုံဆွေးနွေးပွဲပြီးဆုံးခဲ့သည်။

အောင်အောင်(နေပြည်တော်)