ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံမြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
ချောင်းဆုံ၊ သြဂုတ်၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ပြည်နယ် ပါတီကော်မတီဝင်များ၊ခရိုင်ပာတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင် ၊မြို့နယ်များမှပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်လူငယ်များ သြဂုတ်လ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်၌ ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများမှပါတီဥက္ကဋ္ဌအား ပါတီ၏ရပ်/ကျေး အခြေအနေ၊ ပါတီဝင်စည်းရုံးရရှိထားမှု အခြေအနေများအားတင်ပြကြပြီး သိရှိလိုသည်များကိုမေးမြန်းခဲ့ကြသည်။
ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးမှ ပါတီလက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များ၊ ချမှတ်ထားသောမူဝါဒ၊ရည်မှန်းချက်များအားအကောင်အထည်ဆောင်ရွက်နေမှုအခြေအနေများအား တက်ရောက်လာသူများအားချပြရှင်းလင်းခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား လမ်းညွန်မှာကြားခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။