ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး လေ့လာရေးလာရောက်သည့် မိုင်းဖြတ်မြို့နယ် ပါတီဝင်လူငယ်များနှင့်တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီဝင် ဦးစိုင်းထွန်းထွန်းအောင် ဦးစီး၍ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဒေသခံ ရှမ်း၊ လားဟူ၊ အာခါတိုင်းရင်းသားပါတီဝင် လူငယ်မောင်မယ် ၁၄ ဦးသည် ပါတီဌာနချုပ် နေပြည်တော်နှင့်လွှတ်တော်တို့အားလေ့လာရန်အတွက် ယမန်နေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်သို့ရောက်ရှိခဲ့သည်။
လေ့လာရေးအဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီ တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဝမပုံမှန် အစည်းအဝေးကျင်းပနေမှုအား သွားရောက်လေ့ လာခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် ပါတီဌာနချုပ် တည်းခိုဆောင်(B)ရှိ ဧည့်ခန်းမ၌ ဗဟိုအလုပ် အမှုဆောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာဝန်ခံ ဦးစိုးနိုင် ကတွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပါတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များ၊ ပါတီ အောင်နိုင်ရေးကိစ္စရပ်များအား ရှင်းလင်းပြော ကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း တို့အား သက်ဆိုင်ရာရုံးခန်းမများ၌ တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ဂါရဝပြုသည်။ ဆက်လက် ၍ပါတီဌာနချုပ်ရှိသင်တန်းကျောင်း ပြည်ထောင်စု ခန်းမ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးခန်းမ၊ စာကြည့်တိုက်နှင့် မော်ကွန်းတိုက်၊ လူငယ်ရေးရာဌာန၊ အမျိုးသမီးရေးရာဌာနနှင့် စည်းရုံးရေးဌာနကြီးတို့၏ ပါတီစည်းရုံးရေးဆိုင် ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လေ့လာ ကြည့်ရှုရာ သက်ဆိုင်ရာဌာနမှူးများက ရှင်းလင်း ပြောကြားပြီး လေ့လာရေးအဖွဲ့ဝင်များ သိရှိလို သည်များအား တာဝန်ရှိသူများက ပြန်လည်ဖြေ ကြားသည်။
အဆိုပါလေ့လာရေးအဖွဲ့ နေပြည်တော် လေ့လာရေးခရီးစဉ်တွင် ဗဟိုအလုပ်အမှုဆောင်၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးလင်းဇော်ထွန်းစီစဉ်မှုဖြင့် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၊ အမျိုးသားဥယျာဉ်၊ သူရဲ ကောင်းစစ်သည်ဗိမာန်၊ ဥပ္ပါတသန္တိစေတီတော် နှင့်ရန်အောင်မြင် ရွှေလက်လှစေတီတော်သို့ သွား ရောက် ဖူးမြော်လေ့လာခဲ့ကြောင်း သိရသည်။
မိုးဇော်(နေပြည်တော်)