ဂျိုကိုဗစ်က ဖက်ဒဲရာကို အနိုင်ယူပြီး စင်စင်နတီ မာစတာဖလားကို ပထမအကြိမ်ဆွတ်ခူး

 ဂျိုကိုဗစ်သည် ကမ္ဘာ့ နံပါတ် (၂) တင်းနစ်သမား ရော်ဂျာဖက်ဒဲရာကို ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ၎င်း၏ ကြီးကျယ်သော   ကစားသမားဘဝတစ်လျှောက် မရရှိဖူးသော စင်စင်န တီမာစတာဖလားကို ပထမဆုံး ကိုင်မြှောက်နိုင်ခဲ့သည်။

ဂျိုကိုဗစ်သည် ယခင်ကစင် စင်နတီပြိုင်ပွဲ ဗိုလ်လုပွဲသို့ငါးကြိမ် တက်ရောက်ခဲ့သော်လည်း ငါးကြိမ်စလုံး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဖက်ဒဲရာသည် စင် စင်နတီဗိုလ်လုပွဲ ရှစ်ကြိမ်၌ ယခု တစ်ကြိမ်သာ ပထမဆုံးရှုံးနိမ့်ခြင်း ဖြစ်သည်။ ယခုအောင်ပွဲနှင့်အတူဂျိုကိုဗစ်သည် ၁၉၉၀ ပြည့်နှစ်က စတင်ခဲ့သော Golden Masters ပြိုင်ပွဲကိုးပွဲစလုံးတွင်   ဗိုလ်စွဲနိုင် သော ပထမဆုံးကစားသမားဖြစ် လာသည်။

‘‘ချန်ပီယံဆုဖလားကြီးနဲ့အတူ အခုလိုဒီမှာ မက်တတ်ရပ်ခွင့်ရတာ တကယ့်ကိုကြီးကျယ်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်’’ ဟု ဂျို ကိုဗစ်က    ဝမ်းသာအားရ ပြော ကြားသည်။

ဂျိုကိုဗစ်သည် ဖက်ဒဲရာနှင့် ယှဉ်ပြိုင်သောနောက်ဆုံးသုံးပွဲတွင် အနိုင်ရခဲ့ပြီး ယခုအခါ ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှု၌ ၂၄-၂၂ ဖြင့် အသာစီးရနေ သည်။ စင်စင်နတီ ပြိုင်ပွဲတွင် အ နိုင်ရရှိပြီးနောက် ဂျိုကိုဗစ်သည် လက်ရှိ ကမ္ဘာ့နံပါတ် (၁၀) နေရာ မှ နံပါတ် (၆) သို့ တိုးတက်မည်ဟု မျှော်လင့်ရပြီး     ယခုလကုန်၌  ကစားမည့် ယူအက်စ်အိုးပင်းပြိုင် ပွဲသို့ ဦးလှည့်မည်ဖြစ်သည်။

-Ref; AFP