အွန်လိုင်းမှတစ်ဆင့် ဒေါ်လာ ၈၇ သန်း ခိုးယူခံရပြီးနောက် မသင်္ကာဖွယ်လူသုံးဦးကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများက အီလက်ထရွန် နစ်ငွေကြေးနှင့် အခြားဒစ်ဂျစ် တယ်ငွေကြေး ပိုင်ဆိုင်သူများကို ပစ်မှတ်ထားစဉ် အွန်လိုင်းမှတစ်ဆင့် ဟက်၍ ကန်ဒေါ်လာ ၈၇ သန်း တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများ ခိုးယူခဲ့သည်ဆိုသော မသင်္ကာဖွယ်ရာ လူသုံးဦးကို တရုတ်ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဩဂုတ် ၁၉ ရက်တွင် ဖော်ပြသည်။

ဟက်ကာများသည် ကန် ဒေါ်လာ ၁၅ သန်း အဖိုးတန်သော အီလက်ထရွန်နစ်ငွေကြေးများကို ခိုးယူရန် ၎င်း၏ ကွန်ပျူတာကို ထိန်းချုပ်ခဲ့ကြောင်း မိသားစုမျိုးရိုး ဇောင်အမည်ရှိ အမျိုးသားတစ်ဦး က တိုင်တန်းပြီးနောက် မတ်လက ဇီယန်မြို့ ရဲတပ်ဖွဲ့သည် ယင်း ကိစ္စကို စတင်စုံစမ်းခဲ့သည်။

ငွေကြေးယူနစ်များကို အွန်လိုင်းမှတစ်ဆင့် လွှဲပြောင်းပေးမှု က ရဲတပ်ဖွဲ့ကို မသင်္ကာဖွယ်ဖြစ် စေပြီး ဟူနန်ပြည်နယ် အလယ် ပိုင်းရှိ မိသားစုမျိုးရိုး ဇူအမည်ရှိ မသင်္ကာဖွယ်လူတစ်ဦးကို စတင် ခြေရာခံမိခဲ့သည်။

ဇူ၏ ငွေကြေးလွှဲပြောင်းမှုက နောက်ထပ် မသင်္ကာဖွယ်ရာ လူ နှစ်ဦးကို ထပ်မံတွေ့ရှိစေခဲ့သည်။

၎င်းတို့သုံးဦးသည် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများပိုင်ဆိုင်သော ကွန်ပျူတာကွန်ရက်များသို့ ချိုးဖောက် ဝင်ရောက်ခြင်းဖြင့် ယွမ် သန်း ၆၀၀ ခိုးယူခဲ့သည်ဟု ဆို သည်။

ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မသင်္ကာဖွယ်လူများကို ဖမ်းဆီးထိန်းသိမ်း ရန် ပြီးခဲ့သည့် သီတင်းပတ်က ပြည်နယ်သုံးခုရှိ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ပြည်ပအခြေစိုက် ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းနှင့် App Store နှင့် ချိတ်ဆက်မှုရှိသော အက်ပလီ ကေးရှင်းများကို ဖယ်ရှားခြင်းဖြင့် တရုတ်နိုင်ငံ၌ ကျန်ရှိနေသော အွန်လိုင်းမှတစ်ဆင့် ငွေကြေး လွှဲပြောင်းမှု အားလုံး ထိန်းချုပ်ကန့် သတ်ရန် အစီအစဉ်များကို ဖေဖော်ဝါရီက တရုတ်တာဝန်ရှိသူ တစ်ဦးက ကြေညာခဲ့သည်။

—Ref: AFP