ရန်ကုန် သြဂုတ် ၂ဝ ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင်လှိုင်သာယာမြို့နယ်အမှတ် (၁၂)ရပ်ကွက် လှိုင်ရတနာလမ်း မိုးကုတ်ဝိပဿနာရိပ်သာ အဖွဲ့ခွဲ အမှတ်(၁၄၆)တွင် ၁၃၈ ကြိမ် မြောက် တရားစခန်းအောင်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရ သည်။ ထိုတရားစခန်းတွင်ဆရာတော် ဘဒ္ဒန္တဦးသြဘာသအား အမှူးထား ၍ ဥက္ကဋ္ဌဦးသန်းမြင့်၊ ဒုတိယ ဥက္ကဋ္ဌဦးဝင်းမော်ဦးနှင့်ဦးသန်းဝင်း အောင်၊အတွင်းရေးမှူးဦးသန်းထူး၊ ဦးကြည်သိန်းနှင့် အဖွဲ့ဝင်များမှ ဦးစီးပြီး ပြုလုပ်ခဲ့သည်။ ထိုတရား စခန်းပွဲတွင် ရန်ကုန်မြောက်ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု၊ အမျိုးသမီးတာဝန်ခံ ဒေါ်သင်းသင်းလှိုင်၊ လှိုင်သာယာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇေယျာ အောင်နှင့် မြို့နယ်ကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ အမျိုးသမီး ထုများ၊ လူငယ်ပါတီဝင်များက ခုနစ်ရက်ပတ်လုံး လုပ်အားဒါန ပေးလှူခဲ့ကြသည်။ တရားစခန်း အောင်ပွဲတွင် အာစိဏ္ဏကံယောဂီ များ၊ တရားစခန်းဝင် ယောဂီများ၊ လှိုင်သာယာမြို့နယ်တွင်းမှ ရပ်နီး ရပ်ဝေးစေတနာရှင်များမှ စုပေါင်း ၍ စာချစာသင်သံဃာတော် အရှင် သူမြတ်အပါး ၃ဝဝ တို့အား ဝါဆို သင်္ကန်းနှင့်နေ့ဆွမ်း၊ အချိုပွဲ၊ အာဟာရတို့ဖြင့် ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော်ထံမှ လှူဖွယ် ပစ္စည်းများအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။ မြင့်သိန်း(လှိုင်သာယာ)

သတင်းအဖွဲ့

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေစကြိုမြို့နယ် သာစည်ကျေးရွာအုပ်စု၌ ယခုလ ၁၉ ရက် နံနက် ၁ဝနာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် အဆိုပြုလွှာတင်ခဲ့ကြသည့် ကျောက်ခတ်ကျွန်းရွာနေ ကိုကျော်ဝင်းမြင့်၊ ယာတဲစုကျေးရွာနေ ကိုဆန်းလင်းနှင့် ယာတဲစုကျေးရွာနေ မမာလာကျော်တို့ ပါတီသို့ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းဖြေကြားထားသည်များကို ဖော်ပြလိုက်ပါသည်။

ကိုကျော်ဝင်းမြင့်
ကျောက်ခတ်ကျွန်း
============
ကျွန်တော်ကတော့ ကျောက်ခတ် ကျွန်းရွာသား ကိုကျော်ဝင်းမြင့် ဖြစ်ပါ တယ်။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့က ကျေးလက်နေ တောင်သူလယ်သမား တွေဖြစ်ကြပါတယ်။ ယခင်ပြည်ခိုင်ဖြိုး ပါတီအစိုးရနဲ့ယခု NLD အစိုးရ နှိုင်းယှဉ် ကြည့်လိုက်ရင် ပြည်ခိုင်ဖြိုးအစိုးရလက် ထက်မှာ ကျေးလက်နေတောင်သူ လယ် သမားများအတွက် အလေးထားပြီး လုပ် ဆောင်ပေးတယ်လို့ ခံစားရပါတယ်။
ယခင်က ကျွန်တော်တို့ စိုက်ပျိုးထား တဲ့ သီးနှံဈေးတွေက ဈေးကောင်းရရှိ တယ်။ သီးနှံဈေးတွေက ကောင်းတော့ ဝင်ငွေကောင်းတယ်။ ငွေပိုငွေလျှံရှိတယ်။ ယခင်က လက်ကိုင်ဖုန်းတို့၊ ဆိုင်ကယ် တို့၊ ကားတို့ ဈေးပေါတဲ့အတွက် သာမန် ပြည်သူတွေ သုံးစွဲနိုင်ကြတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့ ကျေးလက်နေ ပြည်သူတွေရဲ့လူနေမှုအဆင့်အတန်း တိုး တက်ခဲ့ပါတယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ဖန်တီးပေးလို့ စီးပွား ရေး အဆင်ပြေကြတယ်။ ကျေးလက်နေ ပြည်သူများရဲ့ဘဝ ပြည်သူတွေရဲ့အကျိုး များကိုအလေးထားပြီး ဆောင်ရွက်ပေးတဲ့ ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်အားကိုးတဲ့ အတွက် အခုလိုပြည်ခိုင်ဖြိုးပါတီသို့ ဝင် ရောက်ရခြင်းဖြစ်ပါတယ်။

ကိုဆန်းလင်း
ယာတဲစုကျေးရွာ
===========
ကျွန်တော်ကတော့ ကိုဆန်းလင်း ဖြစ်ပြီး ယာတဲစုကျေးရွာမှာ နေပါတယ်။
ကျွန်တော်တို့က ကျေးရွာမှာ နေထိုင် တဲ့သူတွေ ဖြစ်ပါတယ်။ မြို့ပေါ်နဲ့ဆိုရင် သုံးမိုင်ခန့်ဝေးပါတယ်။ ကျွန်တော်တို့ ဒေသက ကျေးရွာတွေဟာ လုံခြုံအေး ချမ်းသာယာမှုကအရေးကြီးပါတယ်။ယခု ကာလမှာလုံခြုံအေးချမ်းမှုမရှိဘူးလို့လည်း ခံစားရပါတယ်။ဟိုတလောက ကျွန်တော် တို့ ကျေးရွာရဲ့မြောက်ဘက်ခပ်ဝေးဝေး လယ်ကွင်းထဲမှာ လူသေမိန်းကလေး အလောင်း ဘယ်ကလာပြီးပစ်ထားတယ် မသိဘူး။ အခုကာလမှာ မုဒိမ်းမှုဖြစ်တာ တွေလည်း သိပ်များလာတယ်။ နောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲတာတွေ ရောင်းဝယ် တာတွေလည်း အများကြီးတွေ့မြင်နေရ ပါတယ်။ အဲဒီလို အသံတွေကြားရတော့ စိတ်ထဲမှာ မလုံမခြုံမအေးချမ်းဘူးလို့ ခံစားရပါတယ်။

ဒါကြောင့် လုံခြုံအေးချမ်းစွာ နေ ထိုင်နိုင်အောင် ဆောင်ရွက်ပေးခဲ့တဲ့ ပြည် ခိုင်ဖြိုးပါတီကို အားကိုးယုံကြည်လို့ ဝင် ရောက်လာခြင်းဖြစ်ပါတယ်။

မမာလာကျော်
ယာတဲစုကျေးရွာ
============
ကျွန်မကတော့ ယာတဲစုကျေးရွာမှာ နေတဲ့ မမာလာကျော် ဖြစ်ပါတယ်။
အခုလို ပြည်ခိုင်ဖြိုးပါတီကို ဝင် ရောက်ရခြင်းဟာ ကျွန်မတို့နိုင်ငံမှာ ဒီမို ကရေစီစနစ်ကို ပြောင်းလဲပြီးချိန်မှာ အနိုင်ရပါတီနှစ်ခုရဲ့ အစိုးရနှစ်ရပ်ကို တွေ့ ကြုံခဲ့ရပါတယ်။ အဲဒီအစိုးရနှစ်ခုရဲ့ တိုင်း ပြည်နဲ့လူမျိုးအတွက် ဆောင်ရွက်ချက်တွေ ကို နှိုင်းယှဉ်ခံစားခဲ့ရပါတယ်။ အာဏာ မရခင် ပြောစကားတွေ၊ ပေးတဲ့ကတိတွေ လုပ်နိုင်၊မလုပ်နိုင်တာလည်းသိရပြီးဖြစ်လို့ ပါတီနှစ်ခုယှဉ်ကြည့်ရင် ပြည်သူ့အတွက် တကယ်လုပ်ပေးတဲ့ပါတီက ပြည်ခိုင်ဖြိုး ပါတီဖြစ်လို့ ယုံကြည်တဲ့အတွက် ခုလို ပါတီဝင်ရောက်လာခြင်းဖြစ်ပါတယ်။