မိုးကုတ်ဝိပဿနာရိပ်သာတရားစခန်းအောင်ပွဲ ဝါဆိုသင်္ကန်းဆက်ကပ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခုနစ်ရက်ပတ်လုံးလုပ်အားဒါနလှူ

 

ရန်ကုန် သြဂုတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင်လှိုင်သာယာမြို့နယ်အမှတ် (၁၂)ရပ်ကွက် လှိုင်ရတနာလမ်း မိုးကုတ်ဝိပဿနာရိပ်သာ အဖွဲ့ခွဲ အမှတ်(၁၄၆)တွင် ၁၃၈ ကြိမ် မြောက် တရားစခန်းအောင်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရ သည်။

ထိုတရားစခန်းတွင်ဆရာတော် ဘဒ္ဒန္တဦးသြဘာသအား အမှူးထား ၍ ဥက္ကဋ္ဌဦးသန်းမြင့်၊ ဒုတိယ ဥက္ကဋ္ဌဦးဝင်းမော်ဦးနှင့်ဦးသန်းဝင်း အောင်၊အတွင်းရေးမှူးဦးသန်းထူး၊ ဦးကြည်သိန်းနှင့် အဖွဲ့ဝင်များမှ ဦးစီးပြီး ပြုလုပ်ခဲ့သည်။ ထိုတရား စခန်းပွဲတွင် ရန်ကုန်မြောက်ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု၊ အမျိုးသမီးတာဝန်ခံ ဒေါ်သင်းသင်းလှိုင်၊ လှိုင်သာယာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇေယျာ အောင်နှင့် မြို့နယ်ကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ အမျိုးသမီး ထုများ၊ လူငယ်ပါတီဝင်များက ခုနစ်ရက်ပတ်လုံး လုပ်အားဒါန ပေးလှူခဲ့ကြသည်။ တရားစခန်း အောင်ပွဲတွင် အာစိဏ္ဏကံယောဂီ များ၊ တရားစခန်းဝင် ယောဂီများ၊ လှိုင်သာယာမြို့နယ်တွင်းမှ ရပ်နီး ရပ်ဝေးစေတနာရှင်များမှ စုပေါင်း ၍ စာချစာသင်သံဃာတော် အရှင် သူမြတ်အပါး ၃ဝဝ တို့အား ဝါဆို သင်္ကန်းနှင့်နေ့ဆွမ်း၊ အချိုပွဲ၊ အာဟာရတို့ဖြင့် ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော်ထံမှ လှူဖွယ် ပစ္စည်းများအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)