မော်​လမြိုင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲ ကျင်းပ

 

မော်လမြိုင်မြို့နယ်၊ အမျိုးသမီး​တွေ့ဆုံပွဲကို နံနက်​ ၁၀ နာရီခန့်​တွင်​ ​မော်​လမြိုင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး၌ ကျင်းပရာ ဗဟိုကော်​မတီဝင်​ ​ဒေါက်​တာတိုးတိုး​အောင်​မှ တက်​​ရောက်​အမှာစကား​ပြောကြားပြီး ပြည်​နယ်​အမျိုးသမီး​ရေးရာတာတာဝန်​ခံ ​ဒေါ်​မေသူဝင်းမှ အမျိုးသမီး​ရေးရာဖွဲ့စည်းခြင်း၏ ရည်​ရွယ်​ချက်​ကို ရှင်းလင်းတင်​ပြခဲ့သည်​။

ထို့နောက်​ ​ခရိုင်အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဥမ္မာ​​ဌေးမှ အမျိုးသမီးတို့ဘဝမြှင့်​တင်​နိုင်​ရန်​ ​ဆွေး​နွေးပြီး မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်နှင်းလွှာနုမှ မြို့နယ်​အမျိုးသမီး​ရေးရာအဖွဲ့၏ ​ဆောင်​ရွက်​​နေမှုများ၊ ​ရှေ့ဆက်​လုပ်​ငန်းစဉ်​များအား တင်​ပြ​ဆွေး​နွေးခဲ့ပါသည်​။
ဆက်​လက်​ပြီး တက်​ရာက်လာကြ​​သော ရပ်​ကွက်​အသီးသီးမှ အမျိုးသမီးများမှလည်း မိမိတို့၏အ​တွေ့အကြုံ၊ လုပ်​​ဆောင်​ချက်​များကိုလည်း ရှင်းလင်းတင်​ပြခဲ့ပါသည်။
ပြည်​နယ်​အမျိုးသမီးရေးရာတာဝန်​ခံ ​ဒေါ်​မေသူဝင်းမှ တင်​ပြချက်​များကို ရှင်းလင်း​ပြောကြားပြီး ​ပါတီ​​ဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာတိုးတိုး​အောင်​မှ နိဂုံးချုပ်​အမှာစကား​ပြောကြားပြီး အခမ်းအနားကို ​နေ့လည်​ ၁၂ နာရီခန့်​တွင်​ ​အောင်​မြင်​စွာ ရုပ်​သိမ်းခဲ့ပါသည်​။