ဘောလုံးဂိုးရလာဒ်ခန့်မှန်းပြီး ဆုလက်ဆောင်ရရှိနိုင်မည့် Game Application မိတ်ဆက်

ဘောလုံးဂိုးအဖြေတွေကို ခန့်မှန်းကာ ဆုလက်ဆောင်ရယူနိုင်မယ့် Guess it Mobile Game Application ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။ အဲဒီဘောလုံးဂိမ်းကို MPT ဖုန်းနံပါတ် နဲ့သာ မှတ်ပုံတင်နိုင်မှာ ဖြစ်ကာ ကစားသူအနေနဲ့ နေ့စဉ်ဘောလုံး သုံးလုံး(ကစားပွဲသုံးပွဲ)ရဲ့ဂိုးအဖြေခန့်မှန်းရမှာဖြစ်ကြောင်းသိရပါတယ်။

ဖြေဆိုမှုမှန်ကန်တိုင်း Point အဖြစ်ရရှိမှာဖြစ်ကြောင်း၊ အများဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်သူ တွေအနေနဲ့ ငွေဖြည့်ကတ်၊ MPT စမတ်ဖုန်းနဲ့ iPhone X အတွက် ကံစမ်းခွင့်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ နေ့စဉ်ဖုန်း ဘီလ် ၅,၀၀၀ ကျပ်ကိုမဲဖောက်ပေးမှာဖြစ်ကြောင်း၊ အပတ်စဉ် MPT ဟန်းဆက်၊ ငွေဖြည့်ကတ် ၁၅,၀၀၀ ကျပ်နဲ့ ၁၀,၀၀၀ ကျပ် တို့ကိုကံစမ်းပေးမှာဖြစ်ကြောင်း၊ လစဉ် iPhone X ကိုမဲဖောက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ကစားသူတွေရဲ့ ကစားပွဲရလဒ်တွေကိုစာရင်းနဲ့ဖော်ပြပေးမှာဖြစ်ကာ ဝန်ဆောင်မှုအဖြစ် ဘီလ် ၁၅၀ ကျသင့်မှာဖြစ် ကြောင်းသိရပါတယ်။ အသုံးပြုလိုသူတွေ အနေနဲ့ www.guessitimm. com နဲ့ http://gi.lotayamm.com/ မှာ အခမဲ့ ဒေါင်းလုဒ်လုပ်ကာ ရယူကစားနိုင်မှာဖြစ်ကြောင်းသိရပါတယ်။