မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ သွားရောက်လှူဒါန်း

 

၂ – ၈-၂၀၁၈ ရက်နေ့တွင် မိုင်းယာင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းနှင့်အတူ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းလူး၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆေး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ လိုက်ပါလျက် မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်စလီလော်ကျေးရွာ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ သွားရောက်၍ေ ကျာင်းသား/သူ (၄၃) ဦးအား ဗလာစာအုပ်နှင့်ခဲတံများသွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ထို့နောက် ဟောင်ကြန့်ကျေးရွာအုပ်စု၊ တာပေါက်ကျေးရွာသို့ ဆက်လက်ထွက်ခွါပြီး ကျေးရွာအမျိုးသမီးများနှင့်တွေ့ဆုံကာ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆေးက အမျိုးသမီးရေးရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက် ကျေးရွာမူလတန်းကျောင်းတွင် ကျောင်းသား/သူ (၂၈) ဦးအတွက် လာစာအုပ်နှင့်ခဲတံများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။