ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဗန်းမောက် ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က ကျင်းပခဲ့သည်။

အစည်းအဝေးကို နံနက် ၁ဝ နာရီခွဲတွင် နိုင်ငံတော်အလံအလေး ပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆို ခြင်းတို့ကိုအစီအစဉ်(၁) အနေဖြင့် စတင်ခဲ့ပြီး အစီအစဉ် (၂) အနေ ဖြင့်ပါတီနာယက ဦးမှိုင်းညိုက အမှာစကားပြောကြားခြင်း ၄င်းက ပါတီ၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ပြောကြား ပေးခဲ့သည်။

အစီအစဉ် (၃) တွင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးရဲအောင်က အမှာ စကားပြောကြားခြင်း၊၄င်းမှပါတီ လူငယ်များနှင့်သက်ဆိုင်သောလုပ် ငန်းများနှင့်ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းရပ်များကိုပြောကြားခဲ့သည်။

အစီအစဉ် (၄) အရတက် ရောက်လာသောမြို့နယ်ပါတီဝင်များ က ဆွေးနွေးတင်ပြခြင်း၊ အစီအစဉ် (၅) ၌ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းဇော်မြင့်နှင့်တက်ရောက်လာ သောမြို့နယ်ပါတီဝင်များ အပြန် အလှန်ဆွေးနွေးကြခြင်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦမင်းဇော်မြင့်က ပါတီကဖွင့်လှစ်မည့်လူမှုဆက်ဆံ ရေးနည်းပြသင်တန်းအကြောင်းနှင့် စပ်လျဉ်းသောအကြောင်းအရာ များကိုရှင်းလင်းပြောကြားခဲ့သည်။

အစီအစဉ်(၆) အရအစည်း အဝေးပြီးဆုံးကြောင်း ကြေညာ ခြင်း စုစုပေါင်းအစည်းအဝေးကို အစီအစဉ်ခြောက်ခုဖြင့်ပြုလုပ်ခဲ့ သည်။ အစည်းအဝေးကို မွန်းလွဲ ၁၂ နာရီခွဲတွင် အောင်မြင်စွာ ရုပ် သိမ်းခဲ့သည်။

ကျေးလက်မီးအိမ်ရှင်(ရွှေကဒူး)