မဟာအောင်မြေမြို့နယ် မဟာအရှေ့ရပ်ကွက်မှ မောင်စိုင်းထက်ကျော်နှင့် ချမ်းအေးသာစံမြို့နယ် ကံကောက်ကြီးရပ်ကွက်မှ မယွန်းမီမီဇော်တို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ​ပြောကြားသွား​သောစကားသံများ

 

အမျိုးသားရေးမူဝါဒကိုဦးတည်ပြီး ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့လိုပြည်သူတွေ အားကိုးထိုက်တဲ့ပါတီကြီးဖြစ်တာကို သိမြင်ကြားသိရတဲ့အတွက် ယုံကြည်စိတ်နဲ့ အခုလို ပါတီကိုဝင်ရောက်လာခြင်းဖြစ်ပါတယ်​။
မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ကျင်းပသော မန္တလေးမြို့ပေါ်လေးမြို့နယ် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၄ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ ပါတီဝင်အဆိုပြုလွှာသစ် တင်ခဲ့သည့် မဟာအောင်မြေမြို့နယ် မဟာအရှေ့ရပ်ကွက်မှ မောင်စိုင်းထက်ကျော်နှင့် ချမ်းအေးသာစံမြို့နယ် ကံကောက်ကြီးရပ်ကွက်မှ မယွန်းမီမီဇော်တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ စကားသံများကို ဖော်ပြလိုက်ပါသည်။
မေး – ယနေ့ပြည်သူတွေရဲ့ အခြေအနေ
ဘယ်လိုရှိပါသလဲ။
ဖြေ – ကျွန်တော်ကတော့ မဟာအောင် မြေမြို့နယ် မဟာအရှေ့ရပ် ကွက်မှ မောင်စိုင်းထက်ကျော် ဖြစ်ပါ တယ်။ ဒီနေ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီကို ဝင်ရောက်လာတာက ၂ဝ၁ဝ ပြည့်နှစ်ကနေ ၂ဝ၁၅ ခုနှစ်အထိ တာဝန် ယူဆောင်ရွက်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်မှာ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ပြည်သူတွေ ဟာ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ခံစားခဲ့ကြရပါတယ်။ ဒီနေ့အချိန် အာဏာရပါတီအစိုးရဟာ အစိုးရ မဖွဲ့ ခင် အတိုက်အခံအခြေအနေက ပြည်သူ ကိုပေးခဲ့တဲ့ကတိတွေဟာ အိတ်ထဲထည့် ပြီးသိမ်းထားခဲ့တာကို မျက်ဝါးထင်ထင် မြင်တွေ့နေရပါတယ်။ အပြောနဲ့အလုပ် မညီညွတ်တာတွေဟာလည်း တစ်နေ့ တခြား များပြားလာတာကို မြင်တွေ့ရ တယ်။ ကျွန်တော်တို့ရဲ့အခက်အခဲတွေ ကို အတူတကွဖြေရှင်းပေမယ့် သူတွေ ဟာလည်း လွှတ်တော်ထဲမှာပဲ အိပ်နေကြ တာကိုမြင်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်မှုလမ်းစများဟာ ပျောက်ကွယ်လုနီးပါးဖြစ်လာရပါတယ်။ အခွန်အခတွေလည်း များပြားလာပြီး ဒီ နေ့အချိန်ဟာ ကျွန်တော်တို့အဖို့ စားဝတ် နေရေးတောင် အနိုင်နိုင်ဖြစ်နေတဲ့အခြေ အနေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးနှေးကွေးလာနေပြီး ခက်ခဲ စွာရုန်းကန်နေကြရပါတယ်။
မေး – ဘယ်လိုယုံကြည်ချက်တွေနဲ့ ပါတီကိုဝင်ရောက်လာတာပါလဲ။
ဖြေ – အခက်အခဲတွေကို ဖြေရှင်း နိုင်ဖို့အတွက်ဆိုရင် ပြည်ခိုင်ဖြိုး
ပါတီသာဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်
စိတ်တွေ ကိန်းအောင်းလာခဲ့ပါတယ်။ ဒီ
လိုကိန်းအောင်းလာရတာဟာ ပြည်ခိုင်ဖြိုး
ပါတီရဲ့မူဝါဒတွေ၊ သဘောထားတွေနဲ့ လုပ်ငန်းစဉ်တွေကို အတိအလင်းချပြထား တဲ့ပါတီဖြစ်ပါတယ်။ အမျိုးသားရေး မူဝါဒကိုဦးတည်ပြီး ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားဆောင်ရွက်နေ တာဖြစ်တဲ့အတွက် ကျွန်တော်တို့လို ပြည် သူတွေ အားကိုးထိုက်တဲ့ပါတီကြီးဖြစ် တာကို သိမြင်ကြားသိရတဲ့အတွက် ယုံ ကြည်စိတ်နဲ့ အခုလို ပါတီကို ဝင်ရောက် လာခြင်းဖြစ်ပါတယ်။
မေး – လာမယ့်ရွေးကောက်ပွဲတွေမှာ ဘယ်လိုခံယူချက်တွေနဲ့ဆောင် ရွက်သွားမှာလဲ။
ဖြေ – လာမယ့်ရွေးကောက်ပွဲတိုင်း မှာလည်း ပါတီကြီးအနိုင်ရရှိ
အောင် အင်တိုက်အားတိုက်ဆောင်ရွက်
သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်
အတွက်ဆို ယုံကြည်ချက်၊ ခံယူချက်မှန်
မှန်နဲ့ မျိုးချစ်စိတ်ကိုအရင်းခံကာ စုပေါင်း
ကြိုးစားပြီး အနာဂတ်နိုင်ငံတော်ကြီးကို
သာယာဖွံ့ဖြိုးတိုးတက်အောင်ပြည်ထောင်
စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်
နိုင်ရေးအတွက် အစွမ်းကုန်ပူးပေါင်းပါဝင်
ဆောင်ရွက်သွားပါမယ်။
မေး – ပြီးခဲ့တဲ့သက်တမ်းနဲ့ အခုကာလ အခြေအနေကို ဘယ်လိုမြင်ပါ
သလဲ။
ဖြေ – ကျွန်မကတော့ ချမ်းအေးသာစံ မြို့နယ်ကံကောက်ကြီးရပ်ကွက်
မှ မယွန်းမီမီဇော်ဖြစ်ပါတယ်။ ကျွန်မ
အနေနဲ့ ကြံ့ခိုင်ရေးပါတီကို ဝင်ရောက်ရ
တဲ့အကြောင်းရင်းကို တင်ပြရမယ်ဆိုရင်
ပထမဦးစွာ ၂ဝ၁ဝ ပြည့်နှစ် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြည်ခိုင်ဖြိုး အစိုးရတာဝန်ယူခဲ့စဉ်က ကျွန်မတို့ ပြည်သူတွေရဲ့စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးအခြေအနေတွေဟာ တိုး တက်ခဲ့ပါတယ်။ ဖုန်းများကိုလည်း ဈေး နှုန်းသက်သာစွာနဲ့ ပြည်သူတွေအားလုံး သုံးစွဲခွင့်ရရှိခဲ့ပါတယ်။ မော်တော်ကား တွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ဝယ်စီးနိုင်ကြပါတယ်။ တရားဥပဒေစိုးမိုး မှုရှိပြီး မှုခင်းတွေလည်း လျော့နည်းကျ ဆင်းခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ပါတီ ကြီးတစ်ခုက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို တိုင်ပြီးစည်းရုံးခဲ့စဉ်က ကျွန်မတို့ပြည်သူတွေအနေနဲ့ ယခုထက် ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို ရောက်မယ်ထင်လို့ အဲဒီပါတီကို မဲပေးခဲ့ မိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ပြည်သူတွေ ရဲ့ အထင်နဲ့အမြင်ဟာ တက်တက်စင် လွဲခဲ့ပါတယ်။ အခုအစိုးရလက်ထက်မှာ ပြည်သူတွေရဲ့ အလုပ်အကိုင်များရှားပါး လာတယ်။ ကုန်ဈေးနှုန်းတွေ တက်လာ တယ်။ ရေခွန်၊ လျှပ်စစ်မီးခွန်နဲ့ အခွန် အခတွေ တိုးတက်ကောက်ခံလာတယ်။ တရားဥပဒေစိုးမိုးမှုတွေမှာလည်း လျော့ နည်းလာတယ်။ ရာဇဝတ်မှုတွေ ထူပြော လာတယ်။ ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှု၊ လူသတ်မှုတွေ များပြားလာတယ်။ မိမိ အိမ်တွင်းနေတာမှာပင် လုံခြုံမှုမရှိတော့ ဘူးဖြစ်နေတယ်။ ဘာသာရေးနှင့်အမျိုး သားရေးကိစ္စတွေမှာလည်း အားပေး မြှောက်စားမှုမရှိဘဲ ဖိနှိပ်ချုပ်ချယ်မှုတွေ များလာတယ်။ ဒါ့အပြင် ပြည်သူတွေ ကရွေးချယ်လိုက်တဲ့ လွှတ်တော်နဲ့အစိုးရ အဖွဲ့က တာဝန်ရှိသူတွေရဲ့ အဂတိလိုက် စားမှုနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ကိုလည်း ကြားသိနေရပါတယ်။
မေး – ပြည်ခိုင်ဖြိုးပါတီ အပေါ် အမြင်လေးနဲ့ပါတီဝင်ရခြင်း
အကြောင်းလေးကို ပြောပြပါ။
ဖြေ – ဒီအချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ဝင်များနဲ့ လူငယ်များက ပြည်
သူတွေတွေ့ကြုံနေရတဲ့ သဘာဝဘေး
အန္တရာယ်ကျရောက်တဲ့ဒေသတွေမှာ ကူညီစောင့်ရှောက်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အမျိုးသားရေးကိစ္စ တွေ၊ ဘာသာရေးကိစ္စတွေမှာ ရှေ့တန်းက ပါဝင် ဆောင်ရွက်နေတာတွေကိုလည်း မီဒီယာအသီးသီးမှာ မြင်တွေ့နေရပါ တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီအရေးကိစ္စတွေမှာလည်း ပြည် ခိုင်ဖြိုးပါတီက ပြတ်ပြတ်သားသား ဆုံး ဖြတ်ချက်တွေ၊ ကြေညာချက်တွေ ချမှတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ အထက်ပါအချက်အလက်တွေကို ခြုံငုံ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အနိုင်ရရှိမှသာ နိုင်ငံတော်နဲ့ ပြည်သူအားလုံးအတွက် ပြောင်းလဲမှုတွေကို အမှန်တကယ်ဖော် ဆောင်ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံ ကြည်မိတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက်ရခြင်း ဖြစ်ပါတယ်။