ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

ဖရူဆို – ဇူလိုင် ၁၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နေပြည်တော်တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံ အတွေ့အကြုံရှင်း လင်းပွဲကို ယနေ့ နံနက်(၁၀း၀၀) နာရီအချိန် ဖရူဆိုမြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေး ခန်းမတွင်ကျင်းပ ပြုလုပ် ပါသည်။
ရှေးဦးစွာ အခမ်းအနားတက် ရောက်လာသူများ က နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့်သီဆို၍ အခမ်းအနားစတင် ဖွင့်လှစ် ပါသည်။
ယင်းနောက် ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဦးအောင်နိုင်ဦးမှ ဗဟို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမိန့်ခွန်းအားထပ်ဆင့် ရှင်းလင်းပြောကြား ပြီး နေပြည်တော် လူငယ်ညီလာခံ အတွေ့အကြုံများ ကို ပြောကြားသည်။
ဆက်လက်၍ ကယားပြည်နယ် လူငယ်ရေးရာ လုပ်ရှားမှုတာဝန်ခံ မနန်းစောရင်မှနေပြည်တော် လူငယ်ညီလာခံ အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် လူငယ်များနှင့်ပတ်သက်ပြီး ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်မြင့် နယ်မြေ တာဝန်ခံ ဦးမော်ရယ်နှင့် ပြည်နယ်ပါတီနာယက ဦးတောရယ်တို့က လိုအပ်ချက်များကို ထပ်မံ ဖြည့်စွက် ဆွေးနွေးသွားပါသည်။ ထို့နောက်တက်ရောက်လာကြသောလူငယ်များနှင့် ရပ်/ကျေးပါတီ ဥက္ကဌများက သိရှိလိုသည်များ လိုအပ်ချက်များကိုမေးမြန်းပြီး ပါတီမှတာဝန်ရှိသူ အသီးသီးက ဆွေးနွေး ဖြေကြားသွားပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင် ) ကယားပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ နာယက ဦးတောရယ်၊ ပြည်နယ်ပါတီယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဦးအောင်နိုင်ဦး၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ်(ဖရူဆိုမြို့နယ်တာဝန်ခံ) ဦးရဲဝင်း၊ ဦးကျော်သင်းဒေါ်ဗျားမြာမောင် ဒေါ်မော်မော်ခိုင်နှင့် ဒေါ်ဒေါရစ်လေး၊ ပြည်နယ်အရံ ကော်မတီဝင် ဦးရီးချက် ကယားပြည်နယ် လူငယ် ရေးရာလုပ်ရှားမှု တာဝန်ခံ မနန်းစောရင်နှင့် ဒုတိယတာဝန်ခံ မောင်အောင်ကျော်မြင့်၊ လွိုင်ကော် ခရိုင် ဥက္ကဌ ဦးမျိုးမြင့်ဦး အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင်များ လွိုင်ကော်ခရိုင် အရံကော်မတီဝင် ဦးစောဘွေဒို လွိုင်ကော်မြို့နယ် ကော်မတီဝင် လူငယ်များဖြစ်ကြ သော ဦးလင်းမြတ်ဦးနှင့် ဦးမင်းဇော်ဦး ဖရူဆိုမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဆားရယ် အတွင်းရေးမှူး ဦးအူးရယ်နှင့် မြို့နယ်ကော်မတီဝင်များ ရပ်/ကျေးပါတီ ဥက္ကဌများ ဖရူဆိုမြို့နယ်ပါတီ လူငယ်များ စုစုပေါင်းအင်အား (၈၀)ကျော်တက် ရောက်ခဲ့ကြပြီး နံနက် (၁၁း၁၀) နာရီတွင် အခမ်းအနား ပြီးမြောက်ကြောင်း သတင်းရရှိသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ