ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦအောင်တင်မြင့် မုံရွာခရိုင်ရေးရာတာဝန်ခံများနှင့်တွေဆုံ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပြည်ခိုင်ဖြိုးပါတီ ခရိုင်ရုံးအစည်းအဝေးခန်းမ ဇူလိုင် (၁၆) ရက်နေ့ (၂) နာရီ ခရိုင်/ မြို့နယ် တောင်သူလယ်သမားရေးရာ တာဝန်ခံများနှင့်တွေ့ဆုံကြောင်းသိရသည်။
ယင်းတွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းမှ အဖွင့်အမှာစကား ပြောကြားပေးပြီး ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်မှ လယ်ယာစိုက်ပျိုျးရေးလုပ်ငန်းမှ နည်းပညာအရင်းအနှီး အားနည်းချက်များကို ဖော်ဆောင်ပေးသွးနိုင်ဘို့  လူမှုစီးပွားဘဝမြှင့်တင် ဆောင်ရွက်ပေးနိုင်ဘို့  မိဘပြည်သူ တောင်သူလယ်သမားတို့မှ ကူညီကြရမှာဖြစ်ပါတယ်။
တောသူလယ်သမား စိုက်ပျိုးစရိတ် သွင်းအားစုများကို (မရှုံးသော)ေ ဈးကွက် ရရှိဘို့  အာမခံတယ်။ေ တာင်သူလယ်သမား အခွင့်အရေး ကာကွယ်ပေးကာ အကျိုးစီးပွာမြှင့်တင်ရေး ဆောင်ရွက်ပေးမယ်။ လုပ်ခွင့် ရတုန်းကလည်း လုပ်ပေးခဲ့ပြီ – လုပ်ခွင်မရလည်း ပစ်မထားပဲ လုပ်ပေးသွားမှာပါ – တောင်သူလယ်သမား မိဘပြည်သူဆန္ဒ အပြည့်အဝ ဆောင်ရွက်ပေးနိုင်ဘို ဆိုတာ မိဘပြည်သူ တောင်သူဘယ်သမား တာဝန်သာကျေကြရမှာဖြစ်ပါတယ်။
ယင်းတွေ့ဆုံပွဲသို့  ဗဟိုကော်မတီ တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်ကော်မတီ ဒေါ်ညွန်ညွန်ဌေး ၊ခရိုင်ဥက္ကဌ ဦးအောင်တိုးနှင့်ခရိုင်ကော်မတီများ ၊ ခရိုင်တွင်းရှိ မြို့နယ်ဥက္ကဌများနှင့် မြို့နယ်တောင်သူလယ်သမားရေးရာကော်မတီများ တက်ရောက်ကြသည်။
တက်ရောက်လာသောရေးရာတာဝန်ခံများမှ မေးမြန်းဆွေးနွေးမှုများကို ဗဟိုကော်မတီရေးရာတာဝန်ခံ ဦးအောင်တင်မြင့်မှ ရှင်းလင်းဆွေးနွေး ဖြေကြားပေးကာ တွေ့ဆုံပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

လင်း ခေတ်သွေး