ဂျူဗင်တပ်အသင်းနဲ့ တရားဝင်လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တဲ့ စီရော်နယ်နယ်ဒို

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စီရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့ တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုဆိုရင် ဂျူဗင်တပ်တိုက်စစ်မှူးသစ် ဖြစ်လာခဲ့ပါပြီ။ ထို့နောက် အလိုင်းယန့်ဇ် ကွင်းကြီးမှာ ပရိသတ်တွေနဲ့ တစ်ခါတည်း မိတ်ဆက်သွားခဲ့ပါတယ်။

” ကျွန်တော့်ရဲ့ ခြေလှမ်း အသစ်အပေါ် အပြည့်အဝ အာရုံစိုက်သွားမှာပါ ။ အခုအချိန်မှာ ကျွန်တော်ဟာ အရမ်းတက်ကြွနေပြီး စိန်ခေါ်မှု အသစ်အပေါ် အာရုံစိုက်နေပါတယ် ” လို့ စီရော်နယ်ဒိုက ပြောပါတယ်။

” ကျွန်တော်ဟာ အရင်လိုပဲ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် ရှိနေဆဲ ဆိုတာကို ပြသသွားဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော် ဘယ်သူလဲဆိုတာတော့ ပြသနေဖို့ လိုမယ်လို့ မထင်ပါဘူး၊ ကျွန်တော့်ရဲ့ အချက်အလက်တွေကို အားလုံး သိရှိထားပြီးသားပဲမလား”

” ကျွန်တော်ဟာ စိန်ခေါ်မှုအသစ်တွေကို ကြိုက်နှစ်သက်သူတစ်ဦးပါ ။သက်သောင့်သက်သာ ရှိတဲ့ နေရာမျိုးမှာ ကစားရတာ ကျွန်တော် မနှစ်သက်ပါဘူး”

” မန်ယူချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို အရင်းခံပြီး ဂျူဗင်တပ်မှာ သမိုင်းသစ်တွေကို ရေးထိုးသွားချင်တယ်” လို့ စီရော်နယ်ဒိုက ပြောလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ဘာနေဗျူးမှ ထွက်ခွာကာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

-Ref; Sky sports