ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး လူငယ်ရေးရာတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးလူငယ်တာဝန်ခံ တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိက အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာဇော်လင်းပြုံးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဦးဝင်းဇော်က ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏နှုတ်ခွန်းဆက်စကားကို ဖတ်ကြားသည်။

ဆက်လက်၍ မြို့နယ်လူငယ်ရေးရာတွဲဖက်တာဝန်ခံ ဒေါ်ခင်အိအိပြုံးက လူငယ်ညီလာခံအတွေ့အကြုံအား ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းမြင့်ဦး(ဆိပ်တို)