ဆေးဝါး အခမဲ့ ကုသခံနေသော ရဟန်းရှင်လူပြည်သူများကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်မှ အားပေးစကား ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဖြိုးစေတနာဆေးကုအဖွဲ့သည် တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက် သီရိလမ်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ကိုရင်ငယ်များ၊ ပြည်သူများ ကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ဆေးဝါးများ ကုသပေးလျက်ရှိသည်။

အဆိုပါဆေးဝါးကုသရာသို့ အရှေ့ပိုင်းခရိုင် ဖြိုးစေတနာအခမဲ့ ဆေးကုအဖွဲ့ခေါင်းဆောင် ဒေါ်လဲ့လဲ့အေးနှင့် အထွေထွေဆရာဝန်ကြီး ဒေါက်တာအောင်နိုင်၊ သွားဆရာဝန်နှင့် သူနာပြုဆရာဆရာမများ လိုက်ပါပြီး မေတ္တာညွန့် ရပ်ကွက်ရှိ ရဟန်းရှင်လူပြည်သူများကို အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ကိုရင်ငယ်များကို သွားနှင့်ခံတွင်း ကျန်းမာရေးများကို ညနေ ၄ နာရီအထိ ဆေးဝါးကုသပေးသည်။

ဆေးဝါးကုသရာသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ၊ အရှေ့ပိုင်းခရိုင် ကော်မတီဝင်များ၊ တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်များမှ ကော်မတီဝင် များက လာရောက်ဆေးဝါးကုသခံနေသော လူနာများအား လာရောက်အားပေးသည်။

ဇော်ထွန်း