ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်ရေးရာတာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးလူငယ်တာဝန်ခံ တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိက အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းလူငယ် လှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာဇော်လင်းပြုံးက နှုတ်ခွန်းဆက် စကားပြောကြား သည်။

ထို့နောက် မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဦးကိုကိုနိုင်က ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ နှုတ်ခွန်းဆက်စကားကို ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ်လူငယ်ရေးရာတွဲဖက်တာဝန်ခံ ဦးရှိုင်းလင်းအောင်က လူငယ်ညီလာခံ အတွေ့အကြုံအား ရှင်းလင်းတင်ပြပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)