ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ မော်လမြိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

မော်လမြိုင်၊ ဇူလိုင်- ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး၌ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်သိန်းမှ မော်လမြိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ရှေ့ဦးစွာ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌမှ ပါတီဝင်များအနေဖြင့် စုစည်းညီညာစွာ ပါတီအောင်နိုင် ရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် လူပုဂ္ဂိုလ်ကို ဦးစားမပေးပဲ၊ ပါတီမျက်နှာကိုသာ ကြည့်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ပါတီဗဟိုရဲ့လမ်းညွှန်ချက်များ၊ မိမိတို့ပါတီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ပါတီကော်မတီဝင်များမှ မိမိတို့ရပ်ကွက်/ကျေးရွာရဲ့ အခြေအနေများ၊ မိမိတို့ဆောင်ရွက်နေသည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ပြန်ရှင်းဆွေးနွေးခဲ့ပြီး မွန်းတည့် ၁၂ နာရီချိန်တွင် တွေ့ဆုံပွဲပြီးမြောက်ခဲ့သည်။

အဆိုပါတွေဆုံပွဲအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင် ဘဏ္ဍာ​ရေးမှူး ဦးလွင်​မိုး၊ ပြည်​နယ်​လူငယ်​​ရေးရာတာဝန်​ခံ ​ဒေါက်​တာတိုးတိုး​အောင်​၊ မော်လမြိုင်ခရိုင်​ ပါတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဋ္ဌ ဦးညီညီ​ထွေးနှင့်​ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်/​ကျေး ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။