နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်) တွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်သော စုံစမ်းရေးကော်မတီ ဖွဲ့စည်းမည်ဟူသော သတင်းစကားများနှင့် ပတ်သက်၍သော်လည်းကောင်း၊ ပြည်ပထွက်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးက ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍သော်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၂၃ ပါတီမှ ပူးတွဲသဘောထားကြေညာချက်ကို ဇူလိုင်လ (၁၅) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။