ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥတ္တရသီရိမြို့နယ်နှင့်ရပ်/ကျေးကော်မတီတွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဥတ္တရသီရိ မြို့နယ်နှင့် ရပ်/ကျေးပါတီကော် မတီဝင်များ လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု နယ်မြေပါတီအတွင်းရေးမှူးဦးဌေး ဝင်း၊ နေပြည်တော်ပါတီခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဥတ္တရသီရိမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းလွင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တက်ရောက် လာကြသော ကျေးရွာအုပ်စု ရှစ် အုပ်စုနှင့် ရပ်ကွက် နှစ်ရပ်ကွက်မှ ဥက္ကဋ္ဌများက ပါတီလုပ်ငန်းဆိုင်ရာ များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံရေးအခြေအနေများကို ဆွေး နွေးခဲ့ကြပြီးနောက် ပြည်ထောင်စု နယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း နှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးတို့က ရပ်/ကျေးကော်မတီများ မှ တင်ပြလာမှုအပေါ် စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် ပြည် ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ် တို့မှ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်းပေါင်း စပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မွန်း တည့် ၁၂ နာရီတွင် တွေ့ဆုံပွဲပြီး ဆုံးခဲ့သည်။ ဆက်လက်၍ မြို့နယ် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)