ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ အလှူငွေများလှူဒါန်းပြီး ကမ်းပြိုပြောင်းရွှေ့မိသားစုများအား ပံ့ပိုးကူညီမှုများ ပေးအပ်

 

ရန်ကုန် ဇူလိုင် ၁၂

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမိသားစုမှ ယမန်နေ့နံနက်ပိုင်း တွင် မကွေးတိုင်းဒေသကြီး မင်း ဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ မရိုးကုန်း ကျေးရွာ မရိုးကုန်းကျောင်းတိုက် ရှိ ဆရာတော်ဥူးနန္ဒိယထံ ရွာ ထောင်ဘုရားကြီးပြုပြင်ရန် အလှူ ငွေများ လှူဒါန်းခဲ့ပြီး ရေးဘေး သင့်ဒဏ်ကြောင့် ကမ်းပါးပြိုကာ ပြောင်းရွှေ့ရသော ပြည်သူများကို ခင်မင်ရင်းနှီးစွာ အားပေးကာ တစ်အိမ်ထောင်လျှင် ဘုရားတစ် ဆူစီနှင့် ထောက်ပံ့ငွေများ ၊ အဝတ် အထည်များနှင့် အစားအစာများ ကို သွားရောက်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းရာတွင် ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နာယက ဒေါက်တာခင်မောင်ထွန်း နှင့်ဇနီး ဒေါ်ဥမ္မာသန်း(ထက်လင်း) ရွှေခေါင်းပေါင်းတိုင်းရင်းဆေး မိသားစုတို့က မတည်လှူဒါန်းမှု များပြုခဲ့ပြီး ဒဂုံတောင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး နှင့် ပါတီဝင်မိသားစုများ၊သမ္မစိတ္တ ဝတ် အဖွဲ့နှင့် စေတနာသဒ္ဓါတရား ထက်သန်သောပြည်သူများကလည်း အလှူငွေများနှင့် အဝတ်အထည် များ၊ အစားအစာများကို စုပေါင်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရ သည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)